Terms and Conditions for Thadingyut Campaign
၁. Contents Hub Services Co., Ltd ("ကုမ္ပဏီ") မှ စီစဉ်သော Lucky Winner Phone Campaign ("ပရိုမိုးရှင်းအစီအစဥ်/ ကံစမ်းမဲအစီအစဥ် ") တွင် ပါဝင်ကံစမ်းနိုင်ရန်အတွက် သင်သည် ဤစည်းကမ်းသတ်မှတ်ချက်များ ("စည်းမျဥ်းစည်းကမ်းများ") ကို သဘောတူပါသည်။
၂. အရည်အချင်းပြည့်မီမှု
၂.၂ ဤ ပရိုမိုးရှင်းအစီအစဥ်/ ကံစမ်းမဲအစီအစဥ် ကုမ္မဏီ ၏ ဝန်ထမ်းများမှအပ [၁၈] နှစ်နှင့်အထက်ရှိသော မြန်မာနိုင်ငံအတွင်းရှိ MPT ဆင်းမ်ကတ် အသုံးပြုသူများ အားလုံးသည် ယခုဖော်ပြထားသော စည်းကမ်းချက်များ အတိုင်း ပါဝင်ကံစမ်းနိုင်ပါသည်။
၂.၂။ ကုမ္ပဏီ၏ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များသည် ဤ ပရိုမိုးရှင်းအစီအစဥ်/ ကံစမ်းမဲအစီအစဥ် အား ပါဝင်ကံစမ်းခွင့် မရှိပါ။
၃. ပရိုမိုးရှင်းအစီအစဥ်/ ကံစမ်းမဲအစီအစဥ် ကာလ
၃. ၁ ။ ပရိုမိုးရှင်းအစီအစဉ်သက်တမ်းကာလ မှာ အောက်တိုဘာလ ၁ ရက်နေ့ မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ (“ပရိုမိုးရှင်းအစီအစဥ် သက်တမ်းကာလ”) ဖြစ်ပါသည်။
၃.၂။ ပရိုမိုးရှင်းအစီအစဉ်သက်တမ်းကာလ ကုန်ဆုံးပြီးနောက်မှ ပါဝင်ကံစမ်းသော / တင်သွင်းလာသော အချက်အလက်များ/ ပါဝင်ကံစမ်းသူများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
၄. ပါဝင်ကံစမ်းရမည့်နည်းလမ်း
၄.၁ အသုံးပြုသူများအတွက် MyMTV ဝန်ဆောင်မှုများကို ရယူထားရပါမည်။ MyMTV ဝန်ဆောင်မှုကို သုံးစွဲသူမှ မပယ်ဖျက်မချင်း ဝန်ဆောင်မှုသက်တမ်းကို အလိုအလျှောက် တိုးမြင့်သွားမည်ဖြစ်သည်။
၄.၂။ ဝန်ဆောင်မှုရယူရန်အတွက် <8411> သို့
၅. ကံထူးရှင်ရွေးချယ်ခြင်း
၅.၁. ကံထူးရှင်အား ကျပန်းမဲနှိုက်မှု ဖြင့်
(ပထမအကြိမ်) ကံထူးသူများအား ၂၀၂၆ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့ နောက်ဆုံးထား ရွေးချယ်ပြီး ကံထူးရှင်များအား ၂၀၂၆ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့ နောက်ဆုံး ထားပြီးပေးအပ်သွားမည်။
(ဒုတိယအကြိမ်) ကံထူးသူများအား ၂၀၂၆ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့ နောက်ဆုံးထား ရွေးချယ်ပြီး ကံထူးရှင်များအား ၂၀၂၆ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့ နောက်ဆုံး ထားပြီး ပေးအပ်သွားမည်။
(တတိယအကြမ်) ကံထူးသူများအား ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့ နောက်ဆုံးထား ရွေးချယ်ပြီး ကံထူးရှင်များအား ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့ နောက်ဆုံး ထားပြီးပေးအပ်သွားမည်ဖြစ်သည်။
ဤ ပရိုမိုးရှင်းအစီအစဥ်/ ကံစမ်းမဲအစီအစဥ် နှင့်ပတ်သက်၍ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကုမ္မဏီ၏ဆုံးဖြတ်ချက်သည်သာလျှင် အတည် ဖြစ်ပါမည်။
၅.၂။ ကံထူးရှင် ရွေးချယ်မှု လုပ်ငန်းစဉ်ကို ကုမ္ပဏီမှ ဆုံးဖြတ်မည် ဖြစ်ပြီး ကုမ္ပဏီ၏ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပါသည်။ သတင်းအချက်အလက် လုံခြုံမှုရှိစေရန်အတွက် ကံထူးရှင် ရွေးချယ်မှု လုပ်ငန်းစဉ် အား ကုမ္မဏီမှ ထုတ်ပြန်ကြေညာသွားမည်မဟုတ်ပါ။
၆. ချီးမြှင့်မည့်ကံထူးဆု (များ)
၆.၁. ဆုကြေးတွင်
(ပထမအကြိမ်) MPT Mobile Data (5Gb) (4) ဆု
(ဒုတိယအကြမ်) MPT Mobile Data (5Gb) (4) ဆု
(တတိယအကြမ်) MPT Mobile Data (20Gb) (3) ဆု
ပါဝင်သည်။
၆.၂။ ဆုကို ငွေသားဖြင့်လဲလှယ်၍မရပါ။
၇. ကံထူးရှင်အား အကြောင်းကြားခြင်း
၇.၁. ဤ ပရိုမိုးရှင်းအစီအစဥ်/ ကံစမ်းမဲအစီအစဥ် ၏ ကံထူးရှင်များအား ပရိုမိုးရှင်း ကုန်ဆုံး သောနေ့ရက်မှ စ၍ ရက်ပေါင်း (၁၅)ရက် အတွင်း ကံထူးရှင်အား ရွေးချယ်ပြီး ကံထူးရှင်များကို MPT_WINNER မှ တစ်ဆင့် စာတိုပေးပို့ခြင်း နှင့် 09-43000055 ဖုန်းနံပတ်မှ ဖုန်းခေါ်အကြောင်းကြားပေးပါမည်။ ကံထူးရှင်အား အကြောင်းကြား/ရွေးချယ်သောနေ့ မှ စ၍ ရက်ပေါင်း [ ၃၀ ] ရက်အတွင်း ကုမ္မဏီမှ ဆုများကို ပေးအပ်သွားပါမည်။
၇.၂။ ဆုရရှိသူ ကံထူးရှင်သည် ကံစမ်းမဲဆု ရယူရန်/ ထုတ်ယူရန် ကုမ္မဏီမှ ဆက်သွယ်အကြောင်းကြားပြီး [၁၅ရက်] အတွင်း ကုမ္မဏီမှ အကြောင်းကြားချက်ကို ချက်ခြင်း ပြန်လည်အကြောင်းပြန်ကြားဆက်သွယ်ရမည် ဖြစ်သည်။ ကံထူးရှင်ဘက်မှ သတ်မှတ်ရက် အတွင်း ပြန်လည်အကြောင်းပြန်ကြားရန် ပျက်ကွက်ပါက ကံစမ်းမဲဆုကို အလိုအလျောက်ဆုံး ရှုံးမည်ဖြစ်ပြီး ကုမ္မဏီမှ ဆက်လက်၍ အခြားကံထူးရှင်များအား ရွေးခြယ်သွားမည်ဖြစ်သည်။ ဆုအား သတ်မှတ်ထားသည့်အတိုင်း ထုတ်ယူရမည်ဖြစ်ပြီး ဆုအား သတ်မှတ်ထားသည့်အတိုင်း အသုံးပြုနိုင်ခြင်းမရှိသည့် ကံထူးရှင်အား မည်သို့သောပေးလျော်မှုကိုမျှ ဆောင်ရွက်ပေးသွားမည် မဟုတ်ပါ။ ဆုများအား တစ်ခုခုဖြင့် လဲလှယ်ရယူခွင့် မရှိသလို ငွေသားဖြင့်လည်း လဲလှယ်ထုတ်ယူခွင့်မရှိပါ။
၈. ကံထူးရှင်အား စည်းကမ်းသတ်မှတ်ချက်များနှင့်မကိုက်ညီကြောင်း ဆုံးဖြတ်ခြင်း
၈.၁။ ဤစည်းမျဥ်းများကို ချိုးဖောက်သော သို့မဟုတ် မသမာသော သို့မဟုတ် ကျင့်ဝတ်သိက္ခာမဲ့သောအပြုအမူရှိသော ပါဝင်ကံစမ်းသူများ၏ ပါဝင်ကံစမ်းမှုအား လက်မခံဘဲ ပယ်ချမည်ဖြစ်ပါသည်။ ထို့အပြင် ယခု သတ်မှတ်ထားသော စည်းမျဥ်း စည်းကမ်းများ နှင့် သက်ဆိုင်မှု/ ကိုက်ညီမှု မရှိသော ပါဝင်ကံစမ်းသူများ ထည့်သွင်းစဉ်းစားမည်မဟုတ်ဘဲ ပယ်ချသွားမည်ဖြစ်သည်။
၈.၂။ ပါဝင်ကံစမ်းသူများ၏ အရည်အချင်းမပြည့်မီမှု/ ပြည့်မီမှုကို ဆုံးဖြတ်ရန်အခွင့်အရေးသည် ကုမ္မဏီသာတွင်ရှိပါသည်။
၉. အုပ်ချုပ်ရေးဥပဒေ
၉.၁။ ဤစည်းမျဥ်းများကို မြန်မာနိုင်ငံ၏ ဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။
၉.၂။ ဤစည်းကမ်းချက်များသည် မြန်မာနိုင်ငံ၏ဥပဒေများ၊ တရားရုံး (သို့မဟုတ်) စီရင်ပိုင်ခွင့်ရှိသော အဖွဲ့အစည်း တစ်ခုခုမှ ထုတ်ပြန်ထားသည့် စည်းမျဥ်းများ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ (သို့မဟုတ်) အမိန့်များ နှင့်အညီဖြစ်ရမည်။
၉.၃။ ဤအစီအစဥ်၏ စည်းကမ်းချက်များနှင့်စပ်လျဥ်း၍ အင်္ဂလိပ်ဘာသာပါစာသားများနှင့် မြန်မာဘာသာပါစာသားများအကြား ကွဲလွဲမှုတစ်စုံတစ်ရာရှိပါက မြန်မာဘာသာပါစာသားများ ကသာလျှင် လွှမ်းမိုးအတည်ဖြစ်စေရမည်။
၉.၄။ ဤအစီအစဥ်၌ ပါဝင်ကံစမ်းသူ၏ ပါဝင်ဆောင်ရွက်ခြင်းသည် အစီအစဥ် တကျဖြစ်သည့်/ အစီအစဥ် တကျမဖြစ်သည့် ဝန်ဆောင်မှု ကြားဖြတ် ဆောင်ရွက်ခြင်းတို့နှင့် ကြုံတွေ့နိုင်ရဖွယ်ရှိပါသည်။ ဤအစီအစဥ်နှင့် စပ်လျဥ်း၍ အစီအစဥ်တကျဖြစ်သည့် (သို့မဟုတ်) အစီအစဥ်တကျမဟုတ်သည့် ကြားဖြတ်နှောင့်ယှက်ခြင်း၊ လိုင်းကျခြင်း (သို့မဟုတ်) ဝင်ရောက်၍မရခြင်းတို့ဖြစ်ပေါ်ခဲ့ပါက အဆိုပါ ဖြစ်စဥ်တို့နှင့်စပ်လျဥ်းပြီး ပါဝင်ကံစမ်းသူအပေါ် တွင်သော်လည်းကောင်း၊ အခြားသော တတိယလူပုဂ္ဂိုလ်တစ်ဦးဦးအပေါ် တွင်သော် လည်းကောင်း MPT အနေဖြင့် တာဝန်တစ်စုံတစ်ရာ တင်ရှိမည်မဟုတ်သည်ကို ပါဝင်ကံစမ်းသူ အနေဖြင့် သဘောတူ လက်ခံရမည်ဖြစ်ပါသည်။
၉.၅။ ဤအစီအစဥ်အား ပါဝင်ကံစမ်းသူ မှ အသုံးပြုမှု (သို့မဟုတ်) အလွဲသုံးစားပြုမှု၊ အခြားအသုံးပြုသူများနှင့် ဆက်သွယ်ဆောင်ရွက်မှုများ (သို့မဟုတ်) ဤအစီအစဥ်နှင့် စပ်လျဥ်းသည့် ပါဝင်ကံစမ်းသူ ၏ အခြားသော ပြုလုပ်မှုများ (သို့မဟုတ်) ပျက်ကွက်မှုများအတွက် MPT တွင် မည်သည့်တာဝန်မျှရှိမည်မဟုတ်ပါ။
၁၀. အသေးစိတ် သိရှိရန်
အသေးစိတ်သိရှိရန် ၀၉၂၅၈၅၃၉၉၅၅ ကိုဆက်သွယ်ပါ။